← Back to list

Violet ကို ဘယ်သူတွေ ဖန်တီးခဲ့ကြတာလဲ?

Viber Sticker နဲ့ပတ်သက်လာရင် သူ့ရဲ့မူရင်း Sticker ဇာတ်ကောင်ဖြစ်တဲ့ 𝙑𝙞𝙤𝙡𝙚𝙩 ကိုလည်း မေ့ထားလို့မရပြန်ပါဘူး။

Maior Academy · 2024-11-09 23:13 · 0 claps · 0.8 min read
#viber #violets #stickers #maior #maior-academy
Open on Medium ↗

Violet ကို ဘယ်သူတွေ ဖန်တီးခဲ့ကြတာလဲ?

Violet ကို ဘယ်သူတွေဖန်တီးခဲ့ကြတာလဲ? | maior_academy

Violet ကို ဘယ်သူတွေဖန်တီးခဲ့ကြတာလဲ? | maior_academy

Viber Sticker နဲ့ပတ်သက်လာရင် သူ့ရဲ့မူရင်း Sticker ဇာတ်ကောင်ဖြစ်တဲ့ 𝙑𝙞𝙤𝙡𝙚𝙩 ကိုလည်း မေ့ထားလို့မရပြန်ပါဘူး။

Viber Sticker တွေရဲ့ အစောဆုံးဖန်တီးမှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ 𝙑𝙞𝙤𝙡𝙚𝙩 ဟာဆိုရင် Viber ကိုကိုယ်စားပြုတဲ့ Brand Mascot လည်းဖြစ်သလို လူသုံးအများဆုံး Viber Sticker Pack တစ်ခုလည်းဖြစ်ပါတယ်။တောက်ပတဲ့ခရမ်းရောင်ဆံပင်၊ ခံစားချက်ကိုအထင်းသားဖော်ပြနေတဲ့မျက်နှာ၊ ဖော်ရွေပျူငှာပြီး ပျော်ရွှင်တက်ကြွနေတဲ့ 𝙑𝙞𝙤𝙡𝙚𝙩 ရဲ့အမူအရာတွေက Viber ရဲ့ Brand Personality ကို လုံလုံလောက်လောက်ဖော်ပြပေးနေပါတယ်။ အခုနောက်ပိုင်းမှာတော့ 𝙑𝙞𝙤𝙡𝙚𝙩 ကို LegCat နဲ့ DJ Sticker ဇာတ်ကောင်တွေနဲ့အတူ တွဲမြင်ရလေ့ရှိပါတယ်။

ဒီလိုမျိုး Viber Brand ကို ကိုယ်စားပြုတဲ့ Violet Sticker Pack ကို စတင်ဖန်တီးခဲ့တဲ့သူတွေကတော့ Illustrator & Animator 𝘼𝙡𝙤𝙣 𝘽𝙤𝙧𝙤𝙙𝙖 ဦးဆောင်တဲ့ 𝙎𝙩𝙞𝙘𝙠𝙚𝙧𝙞𝙖 အဖွဲ့ဖြစ်ပါတယ်။ 𝙎𝙩𝙞𝙘𝙠𝙚𝙧𝙞𝙖 အဖွဲ့ဟာဆိုရင် Viber ရဲ့ In-house Sticker Design Team ဖြစ်ပြီး လူသိများထင်ရှားတဲ့ Violet နဲ့ LegCat Sticker Pack တွေကို ဖန်တီးခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တဲ့ Violet Sticker ဇာတ်ကောင်ဟာဆိုရင် အခုချိန်မှာတော့ Sticker Pack Version အမျိုးမျိုးနဲ့အတူ Viber အသုံးပြုသူတွေရဲ့ရင်ထဲမှာ နေရာယူထားနိုင်တဲ့ Sticker ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။

Violet Viber Sticker Pack ရဲ့ မြန်မာ Version ကိုတော့ 𝗠𝗮𝗶𝗼𝗿 ရဲ့ 𝐕𝐢𝐛𝐞𝐫 𝐒𝐭𝐢𝐜𝐤𝐞𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 Instructor ဖြစ်တဲ့ ဆရာ 𝙃𝙩𝙚𝙩 𝘼𝙪𝙣𝙜 ကနေ ဖန်တီးရေးဆွဲခဲ့တာဖြစ်ပါတယ်ဗျ။ Violet Sticker ကို မြန်မာမှု၊ မြန်မာ့အငွေ့အသက်တွေနဲ့ပေါင်းစပ်ပြီး သရုပ်ဖော်ထားတာကို ချစ်စဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။

သတင်းကောင်းအနေနဲ့ Violet Sticker လိုမျိုး ချစ်စရာကောင်းပြီး လှပသေသပ်တဲ့ Viber Sticker Pack လေးတွေကို ကိုယ်တိုင်ဖန်တီးတတ်ချင်သူတွေအတွက် 𝗠𝗮𝗶𝗼𝗿 မှာ 𝐕𝐢𝐛𝐞𝐫 𝐒𝐭𝐢𝐜𝐤𝐞𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 — 𝟑) ကို ထပ်မံဖွင့်လှစ်တော့မှာမို့ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

메타데이터
post_id
30c0969e52f7
slug
violet-ကို-ဘယ်သူတွေ-ဖန်တီးခဲ့ကြတာလဲ-30c0969e52f7
url
https://medium.com/@maioracademy/violet-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9E%E1%80%B0%E1%80%90%E1%80%BD%E1%80%B1-%E1%80%96%E1%80%94%E1%80%BA%E1%80%90%E1%80%AE%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%80%E1%80%BC%E1%80%90%E1%80%AC%E1%80%9C%E1%80%B2-30c0969e52f7
canonical_url

author_url
https://medium.com/@maioracademy
status
ok
fetched_at
2026-06-27 07:40:21