← Back to list

What is the AWS Summit, who should attend, and why?

ဒီနေ့မှာတော့ သာမန် Tech အကြောင်းမဟုတ်ပဲနဲ့ AWS Summit ဆိုတာဘာလည်းဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။

Pyae Phyo · 2026-06-03 14:43 · 33 claps · 1.3 min read
#aws-summit #awssummitsingapore #awsmyanmarcommunity
Open on Medium ↗
Wiki topics: ☁️ · DevOps & Cloud 🎮 · Gaming

What is the AWS Summit, who should attend, and why?

ဒီနေ့မှာတော့ သာမန် Tech အကြောင်းမဟုတ်ပဲနဲ့ AWS Summit ဆိုတာဘာလည်းဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။

AWS Summit ကိုနိုင်ငံပေါင်းစုံမှာ တစ်နှစ်တစ်ကြိမ်ကျင်းပပါတယ်။ ကျွန်တော်ကတော့လက်ရှိ Singapore မှာအလုပ်လုပ်နေတော့ AWS Summit Singapore ကိုသွားပါတယ်။ ကျွန်တော်ကတော့ လက်ရှိ Singapore မှာဆိုတော့ AWS Summit Singapore ကိုတက်ဖြစ်ပါတယ်၊ မတက်ခင်မှာတော့ ကိုယ့်ရဲ့ office email နဲ့ register လုပ်ရပါတယ်၊ ကျွန်တော်ကတော့ 2025 & 2026 2 ကြိမ်တက်ခဲ့ပါတယ်။

ဒီပွဲမှာတော့ Tech enthusiast တွေများစွာကို တစ်နေ့ရာတည်းမှာ မြင်ရမဲ့ပွဲပါ။

ပွဲနေ့မတိုင်ခင်မှာဘယ် Section တွေမှာဘယ် topic တွေဆွေးနွေးမယ်ဆိုတာကိုတစ်ခါတည်းပြောပြထားပါတယ် အဲတော့ ကိုယ်နဲ့သက်ဆိုင်ရာ session တွေကို ဝင် join လို့ရပါတယ်။ ဖုန်းရဲ့ application “AWS Events” ဆိုတာမှာလည်းကြည့်နိုင်ပါတယ်။

ပွဲနေ့မှာတော့ ဒီလိုလည်ဆွဲလေးပေးပါတယ်။ ပွဲအချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိကျင်းပပါတယ်။ နေ့လည်စာနဲ့ Tea break ကိုပွဲမှာကျွေးပါတယ်။

Left ကတော့ 2025 ပွဲတုန်းကပါ Right ကတော့ 2026 ပွဲတုန်းကပုံပါ။

Left ကတော့ 2025 ပွဲတုန်းကပါ Right ကတော့ 2026 ပွဲတုန်းကပုံပါ။

ပွဲနေ့မှာတော့အဓိက vendors နဲ့ products တွေ use cases တွေကို အဓိကထားပြီးတော့ပြောပါတယ်။ နောက်တစ်ခုက Networking ပေါ့။

မနှစ်က 2025 ပွဲတုန်းကတော့ Devops နဲ့ပတ်သတ်တာတွေအလေးထားပြောကြပြီး ဒီနှစ်မှတော့ AI နဲပတ်သတ်တဲ့ topic တော်တော်များများကိုဆွေးနွေးတာများပါတယ်။

နောက်ထပ် Event မှာပျော်ဖို့ကောင်းတာတစ်ခုက swags တွေရတာပါပဲ။

2025 မှာ AWS Game Day 1st prize winner အနေနဲ့ရခဲ့တဲ့ Razor နားကျပ်

2025 မှာ AWS Game Day 1st prize winner အနေနဲ့ရခဲ့တဲ့ Razor နားကျပ်

2026 ရခဲ့တဲ့ swags တွေပါ

2026 ရခဲ့တဲ့ swags တွေပါ

ဒါတွေကတော့ events အမှတ်တရပုံတွေပါ။ အင်မတန်ပျော်ဖို့ကောင်းသလို ဗဟုသုတလည်းရတဲ့ပွဲပါ။

နောက်ထပ်အခွင့်အခါကြုံရင် AWS Summit Event ကို Join ကြဖို့အကြံပြုပါတယ်။

AWSSummit #AWSSummitSingapore #PyaeLab #AWSMyanmar #AWSMyanmarCommunity


메타데이터
post_id
54ae05586300
slug
what-is-aws-summit-event-54ae05586300
url
https://medium.com/@impyaephyo/what-is-aws-summit-event-54ae05586300
canonical_url
https://medium.com/@impyaephyo/what-is-aws-summit-event-54ae05586300
author_url
https://medium.com/@impyaephyo
status
ok
fetched_at
2026-07-28 06:17:56