← Back to list

Virus ကြောင့်ပျောက်နေတဲ့ဖိုင်တွေ ဘယ်လိုပြန်ရှာမလဲ?

Memory Stick ထဲမှာ Virus ဝင်ပြီး ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ File တွေ Folder တွေ ပျောက်တဲ့ပြဿနာတွေကို အလွယ်ဖြေရှင်းလို့ရမယ့်…

HD Computer Group · 2021-06-30 06:49 · 0 claps · 2.2 min read
#flash-drive-recovery #memory-stick
Open on Medium ↗
Wiki topics: MIC · Microbiology & Immunology

How to recover files from USB Flash Drive

Memory Stick ထဲမှာ Virus ဝင်ပြီး ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ File တွေ Folder တွေ ပျောက်တဲ့ပြဿနာတွေကို အလွယ်ဖြေရှင်းလို့ရမယ့် နည်းလမ်းတစ်ခုလေးကို ပြောပြချင်ပါတယ်။Memory Stick ထဲမှာ Virus ဝင်ပြီး ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ File တွေ Folder တွေ ပျောက်တဲ့ပြဿနာတွေကို အလွယ်ဖြေရှင်းလို့ရမယ့် နည်းလမ်းတစ်ခုလေးကို ပြောပြချင်ပါတယ်။

(Virus သတ်တဲ့ Program တွေသုံးပေမဲ့လည်း ပြန်မပေါ်တဲ့အခါ အသုံးဝင်ပါတယ်။ အလွယ်တကူ အများမမြင်စေချင်တဲ့ File/Folder တွေကို ဖုံးဖွက်ထားချင်ရင်လဲ သုံးလို့ရပါတယ်။)

အောက်မှာပေးထားတဲ့ အဆင့်လေးတွေအတိုင်း လုပ်ကြည့်လိုက်ပါ။

၁။ Stick ကို ကွန်ပျူတာမှာ တတ်လိုက်ပါ။

၂။ ကိုယ့် Stick ရဲ့ Drive Letter ကိုတော့ သိအောင်လုပ်ပါ။ (Drive E: လား၊ ဒါမှမဟုတ် Drive F: လားဆိုတာကို သိမှတ်ထားပါ။)

၃။ Command DOS ကိုဝင်ပါမယ်။ ဝင်ပုံဝင်နည်းကတော့ Windows key (Keyboard ရဲ့အောက်နားက Ctrl နဲ့ Alt ကြားမှာ Windows logo နဲ့ ဖော်ပြထားတဲ့ ခလုတ်) နဲ့ R တွဲနှိပ်ပါ။ Command box ကျလာပါမယ်။ CMD လို့ ရိုက်ထဲ့ပြီး OK နှိပ်ပါ။ DOS Screen Window ပေါ်လာပါမယ်။ ဥပမာ C:\HDUser\User>_ ဆိုတဲ့ DOS Prompt ပေါ်လာမယ်။ (CMD ဆိုတာ DOS Command ကိုဝင်ဘို့ Program Name ပါ။)

၄။ အဲဒီအချိန်မှာ Stick Drive ကို ချိန်းပါမယ်။ ကိုယ့် Stick က Drive E: ဖြစ်ရင် E: ၊ Drive F: ဖြစ်ရင် F: ရိုက်ပြီး Enter နှိပ်ပါ။ E:> ဒါမှမဟုတ် F:> ပေါ်လာပြီး Drive Letter ပြောင်းသွားပါမယ်။ (စာလုံးကြီး စာလုံးသေး ရိုက်ရမယ်မဟုတ်ပါဘူး၊ ကွဲပြားအောင် အကြီးနဲ့ ရေးပြထားတာပါ။ Drive Letter က E: / F: မဟုတ်ပဲ အခြား Drive Letter ဖြစ်ချင်လဲ ဖြစ်နေနိုင်ပါတယ်။)

၅။ DIR လို့ရိုက် Enter နှိပ်ပြီး Stick ထဲက File/Folder စာရင်းကြည့်ပါမယ်။ Virus ကြောင့် ပျောက်နေတဲ့ File/Folder တွေကို မြင်ရမှာ မဟုတ်ပါဘူး။ ( DIR က File/Folder တွေကို စာရင်းပြပေးတဲ့ DOS Command ပါ။ )

၆။ ပျောက်နေတဲ့ File/Folder စာရင်းကို ပြစေချင်ရင်တော့ DOS Prompt ပေါ်နေချိန်မှာ DIR/AH လို့ရိုက်ပြီး Enter နှိပ်မယ်ဆိုရင်တော့ ပျောက်နေတဲ့ File/Folder တွေကို DOS Screen မှာ ယာယီမြင်ရမှာပါ။ ( /AH က ဖုံးဖွက်ကွယ်ထားတဲ့ File/Folder တွေကိုပြပေးတဲ့ Parameter ပါ။ )

၇။ အမြဲတမ်း ပြန်ပေါ်နေဖို့ကတော့ အောက်မှာ ဖော်ပြထားတဲ့ DOS Command ကို ရိုက်ထည့်ပေးရမှာပါ။ ATTRIB -A -S -R -H {မိမိဖော်လိုတဲ့ File/Folder Name} ရိုက်ပါ။ ပြီးလျှင် Enter နှိပ်ပါ။ ဒါဆိုရင်တော့ မိမိရဲ့ File/Folder ပြန်ပေါ်လာပါပြီ။

(ဒီနေရာမှာ ATTRIB ဆိုတာ Attribute ရဲ့ DOS Command ပါ။ A=Archive, S=System, R=Read Only, H=Hidden ပါ။ အစဉ်အတိုင်းရိုက်စရာ မလိုပါဘူး)

“-” က ပြန်ဖြုတ်တာဖြစ်ပြီး File/Folder ကို အများက အလွယ်မမြင်စေချင်လို့ ဖုံးဖွက်ထားချင်ရင် “+” ကိုအစားထိုး ပြောင်းပေးလိုက်ပါ။ သတိထားစရာက ATTRIB{Space}-A{Space}-S{Space}-R{Space}-H{Space}File/FolderName ဆိုပြီး Space ခြား ရိုက်ပေးဘို့ပါဘဲ။

နာမည်မှာ Space ပါတဲ့ File/Folder တွေကတော့ ရမှာမဟုတ်ပါဘူး။ Windows ရဲ့ File Manager ကိုဖွင့်ပြီး Space ဖြုတ် နာမည်ပြင်ပေးခဲ့ရမှာပါ။ အောက်က “▪️” မှာ လုပ်နည်းကို ရှင်းပြထားပါတယ်။

တဆက်တည်း သတိထားစေချင်တာက File/Folder Name ကို 256 Character ထိပေးလို့ရတယ်၊ Space နဲ့ Special Character တွေကို ပေးလို့ရတယ်ဆိုပေမယ့် ဖြစ်နိုင်ရင် A to Z, 0 to 9 Character တွေဘဲပေးရင် ပိုကောင်းပါတယ်။ Word ကွဲပြားအောင်လို့ ဥပမာ KHIN Maung thein tuN WiN လို့မပေးဘဲ KhinMaungTheinTunWin လို့ပေးရင် အဆင်ပြေပါမယ်။ DOS Command တွေက Space နဲ့ Special Character ကို လက်မခံပါဘူး။

▪️ Space နဲ့ Special Character တွေပါပြီး ဖုံးဖွက်နေတဲ့ File/Folder တွေရဲ့ နာမည်ပြောင်းပုံပြောင်းနည်းကို ပြောပြပါမယ်။

  • My Computer/This PC (or) File Manager ကိုဖွင့်ပါ။
  • Stick Drive ကိုရွေးပါ။
  • Menu Bar မှာရှိတဲ့ Organize ကို နှိပ်ပါ။
  • Folders and search options ကို ရွေးပါ။
  • View tab ကိုနှိပ်ပါ။
  • Show hidden files, folders and drives option button ကို ရွေးပါ။
  • Hide protected operating system files (Recommended) Checkbox မှ အမှန်ခြစ်ကို ဖြုတ်ပါ။
  • Warning Window ပေါ်လာရင် Yes ကို နှိပ်ပါ။

ဒါဆိုရင် ဖုံးကွယ်ထားတဲ့ File/Folder တွေပေါ်လာပါမယ်။ အဲဒီတော့မှ ကိုယ့် Stick ထဲက File/Folder တွေကို နာမည်ပြောင်း၊ Space ဖြုတ်လို့ရပါပြီ။

(အရေးကြီးတာက Drive C: ထဲက ကိုယ်မသိတဲ့ File/Folder တွေကိုတော့ နာမည်မပြောင်းမိပါစေနဲ့။ အရေးကြီးတဲ့ System File/Folder တွေနာမည်ပြောင်းမိရင် File/Folder ပျက်သလိုဖြစ်ပြီး Windows က သုံးမရဖြစ်ပါမယ်။)

ပြဿနာကင်းအောင် ကိုယ့်အလုပ်ပြီးရင် Hide protected operating system files (Recommended) ကို အမှန်ပြန်ခြစ်ထားပါ။ Don’t show hidden files, folder or drive ကို ပြန်ရွေးထားပါ။ (ဒါအရေးကြီးပါတယ်။)

နာမည်ပြောင်းပြီးရင်တော့ အမှတ်စဉ် ၂ ကနေ စပြီးလုပ်လို့ရပါပြီ။

တခါတရံမှာ Virus ကြောင့် File တွေကို စုပြီး နာမည်မရှိတဲ့ Folder တစ်ခုထဲ ထည့်ထားတတ်ပါတယ်။ အဲ့ဒီအခါ Folder နာမည်ကို Rename လုပ်ပြီး Folder ထဲက File တွေကို “Slect All” လုပ် “Cut” လုပ် Memory Stick Drive ထဲမှာ “Paste” ပြန်လုပ်လိုက်ရင် ပျောက်နေတဲ့ File တွေ ပြန်ရပါပြီ။

HD Computer Group အခန်း (၂၄)၊ တိုက် (၁)၊ အင်းစိန်လမ်း (လှည်းတန်းလမ်းဆုံ)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။ ဖုန်း- 09 443 225916, 09 73 225916


메타데이터
post_id
5b95e1c2de5f
slug
virus-ကြောင့်ပျောက်နေတဲ့ဖိုင်တွေ-ဘယ်လိုပြန်ရှာမလဲ-5b95e1c2de5f
url
https://medium.com/@hdcomputergroup/virus-%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%94%E1%80%B1%E1%80%90%E1%80%B2%E1%80%B7%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%90%E1%80%BD%E1%80%B1-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%99%E1%80%9C%E1%80%B2-5b95e1c2de5f
canonical_url
https://medium.com/@hdcomputergroup/virus-%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%94%E1%80%B1%E1%80%90%E1%80%B2%E1%80%B7%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%90%E1%80%BD%E1%80%B1-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%99%E1%80%9C%E1%80%B2-5b95e1c2de5f
author_url
https://medium.com/@hdcomputergroup
status
ok
fetched_at
2026-07-28 02:01:45