← Back to list

နယ်ပယ်မှ အသုံးများနေတဲ့ Illustration အမျိုးအစားများ

Illustration Art Style တွေအများကြီးရှိတဲ့အထဲကမှ ကြော်ငြာကဏ္ဍအတွက်ရည်ရွယ်ပြီး ဖန်တီးရေးဆွဲတဲ့ Illustration တွေကလည်း ဒီနေ့ခေတ်မှာ…

Maior Academy · 2024-11-09 22:58 · 0 claps · 2.1 min read
#advertising #illustration #cartoon #maior #maior-academy
Open on Medium ↗
Wiki topics: VIS · Visual & Graphic Design MKT · Marketing · General 🖊️ · Illustration & Drawing 👗 · Fashion

Advertising နယ်ပယ်မှ အသုံးများနေတဲ့ Illustration အမျိုးအစားများ

Adeverting နယ်ပယ်မှာ အသုံးများနေတဲ့ Illustration အမျိုးအစားများ | maior_academy

Adeverting နယ်ပယ်မှာ အသုံးများနေတဲ့ Illustration အမျိုးအစားများ | maior_academy

Illustration Art Style တွေအများကြီးရှိတဲ့အထဲကမှ ကြော်ငြာကဏ္ဍအတွက်ရည်ရွယ်ပြီး ဖန်တီးရေးဆွဲတဲ့ Illustration တွေကလည်း ဒီနေ့ခေတ်မှာ အသုံးများလာတဲ့ Art Style တစ်ခုဖြစ်ပါတယ်။ကြော်ငြာကဏ္ဍတွေမှာ Illustration တွေကိုအသုံးပြုခြင်းအားဖြင့်

✅ ကြည့်ရှုသူတွေဆီ ပေးသိချင်တဲ့အကြောင်းအရာတွေကို ပုံကနေတစ်ဆင့် ကွင်းကွင်းကွက်ကွက် ပုံဖော်ပြောပြပေးနိုင်ပါတယ်

✅ ပုံတွေတိုင်းမှာ အနုပညာအငွေ့အသက်တွေပါဝင်ပြီး Style ပုံစံအမျိုးမျိုးနဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ပါတယ်

✅ ဒါ့အပြင် ပုံတွေတိုင်းဟာ ရည်ရွယ်ချက်တွေပြည့်နှက်နေပြီး ကြည့်ရှုသူတွေအတွက် အဓိပ္ပါယ်ရှိစေမယ့် တင်ဆက်ပုံမျိုး ဖြစ်နေတတ်ပါတယ်။

ဒီနေ့မှာတော့ 𝗠𝗮𝗶𝗼𝗿 ကနေ Illustration for Advertising ပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် Advertising နယ်ပယ်မှာ အသုံးများနေတဲ့ Illustration အမျိုးအစားတွေအကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

👇 Illustration အမျိုးအစားတွေအကြောင်းကိုတော့ သက်ဆိုင်ရာပုံတွေအောက်မှာ ဖော်ပြပေးထားပါတယ်။

Cartoon Illustration | maior_academy

Cartoon Illustration | maior_academy

𝗖𝗮𝗿𝘁𝗼𝗼𝗻

Illustration ရဲ့ Advertising Message ကို ဖော်ရွေပြီး ပျော်ရွှင်တဲ့ခံစားချက်မျိုးရရှိအောင် ပေးချင်တဲ့အခါမှာ Cartoon Illustration ကို အသုံးပြုကြပါတယ်။ Cartoon Illustration တွေဟာဆိုရင် ကြည့်ရှုသူတွေကို အဓိပ္ပါယ်နားလည်လွယ်စေပြီး တစ်ခါတလေမှာ Illustration အတွက် အဓိပ္ပါယ်ဖော်ညွှန်းတဲ့စာသားတွေတောင် မလိုအပ်ပါဘူး။ အထူးသဖြင့် လုပ်ငန်းရဲ့ Brand Mascot ၊ Animation Video နဲ့ ဟာသသရုပ်ဖော်ရေးဆွဲရာမှာ အသုံးများကြပါတယ်။

Line Art Illustration | maior_academy

Line Art Illustration | maior_academy

𝗟𝗶𝗻𝗲 𝗔𝗿𝘁

မျဥ်းတွေကိုသာအခြေခံပြီး ရေးဆွဲပုံဖော်ထားတဲ့ Line Art Illustration ဟာဆိုရင် သန့်ရှင်းသပ်ရပ်ပြီး ပေါ်ပေါ်လွင်လွင်ဖြစ်တာကြောင့် Advertising နယ်ပယ်မှာ အသုံးများတဲ့ Art Style တစ်ခုဖြစ်ပါတယ်။ Line Art တွေကို များသောအားဖြင့် လုပ်ငန်းရဲ့ Logo ၊ Product ထုပ်ပိုးမှုဒီဇိုင်းပုံစံ၊ ပိုစတာနဲ့ Website Design တွေမှာ အသုံးပြုကြပါတယ်။

Flat Illustration | maior_academy

Flat Illustration | maior_academy

𝗙𝗹𝗮𝘁

ရိုးရှင်းပြီး 2D ပုံစံ ရေးဆွဲထားတဲ့ Flat Illustration တွေကလည်း Advertising နယ်ပယ်မှာ အသုံးများတဲ့ Art Style တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ရိုးရှင်းတဲ့ရေးဆွဲဟန်နဲ့ ထင်ပေါ်တဲ့အရောင်တွေကြောင့် လုပ်ငန်းရဲ့ Website Design တွေနဲ့ အချက်အလက်အကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြတဲ့ Infographic တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

Infographic Illustration | maior_academy

Infographic Illustration | maior_academy

𝗜𝗻𝗳𝗼𝗴𝗿𝗮𝗽𝗵𝗶𝗰

ရှုပ်ထွေးနေတဲ့အရာတွေကို ပုံတွေကနေတစ်ဆင့် ရှင်းရှင်းလင်းလင်းဖော်ပြလိုတဲ့အခါမှာဆိုရင် Infographic Illustration တွေကို အသုံးပြုကြပါတယ်။ Infographic Illustration မှာဆိုရင် ဂရပ်တွေ၊ Icons တွေ၊ Elementsတွေပါဝင်တတ်ပြီး အထူးသဖြင့် ကြော်ငြာ Report နဲ့ Presentation ကိစ္စတွေ၊ Social Media Content တွေနဲ့ ထုတ်ကုန်အကြောင်း ရှင်းလင်းဖော်ပြတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။

3D Illustration | maior_academy

3D Illustration | maior_academy

𝟯𝗗

အထူးသဖြင့် 3D Illustration တွေကို ကြော်ငြာကဏ္ဍရဲ့ Product အကြောင်းတွေ၊ Product Packaging Design တွေနဲ့ Animation Video တွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ကြော်ငြာကိုမှ ပုံမှန်ထက် ပိုထင်းထွက်စေချင်တဲ့အခါ၊ လူတွေရဲ့ သတိပြုမှုကိုရယူလိုတဲ့အခါ၊ ရုပ်ပုံတွေကို ကြွတက်နေစေချင်တဲ့အခါမှာဆိုရင် 3D Illustration ကို အသုံးပြုကြပါတယ်။

Digital Painting | maior_academy

Digital Painting | maior_academy

𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗣𝗮𝗶𝗻𝘁𝗶𝗻𝗴

အသေးစိတ်ကျပြီး တောက်ပထင်ရှားနေအောင် ရေးဆွဲပုံဖော်ထားတဲ့ Digital Painting ကတော့ Advertising နယ်ပယ်မှာ အသုံးများတဲ့ Art Style တစ်ခုပါပဲ။ အထူးသဖြင့် Digital Painting ကို Children Book Illustration ၊ Billboard ကြော်ငြာ၊ ပိုစတာ၊ ထုတ်ကုန်သရုပ်ဖော်ကြော်ငြာ၊ Brand Mascot ဇာတ်ကောင်နဲ့ ကြော်ငြာအတွက် Concept Art ရေးဆွဲတဲ့အခါမှာ အသုံးပြုကြပါတယ်။Advertising နယ်ပယ်အတွက် Illustration ဖန်တီးတဲ့အခါမှာ အသုံးပြုမယ့် Platform နဲ့ Target Audience ပေါ်မူတည်ပြီး သင့်တော်တဲ့ Style ပုံစံကို ရွေးချယ်သင့်ပါတယ်။

ဥပမာအနေနဲ့

  • လုပ်ငန်း Logo နဲ့ Mascot ဇာတ်ကောင်တွေအတွက်ဆိုရင် Digital Painting ဒါမှမဟုတ် Cartoon
  • Social Media အတွက်ဆိုရင် Flat Design ဒါမှမဟုတ် Infographic
  • နည်းပညာပိုင်းဆိုင်ရာ Tech Product အတွက်ဆိုရင် 3D
  • ပူးပေါင်းဖန်တီးရတဲ့ Coporate Setting တွေအတွက်ဆိုရင် Line Art ဒါမှမဟုတ် Infographic စသဖြင့် Art Style အမျိုးမျိုး ရွေးချယ်အသုံးပြုနိုင်ပါတယ်။

메타데이터
post_id
9461fca78055
slug
နယ်ပယ်မှ-အသုံးများနေတဲ့-illustration-အမျိုးအစားများ-9461fca78055
url
https://medium.com/@maioracademy/%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%9A%E1%80%BA%E1%80%99%E1%80%BE-%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%B1%E1%80%90%E1%80%B2%E1%80%B7-illustration-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-9461fca78055
canonical_url
https://medium.com/@maioracademy/%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%9A%E1%80%BA%E1%80%99%E1%80%BE-%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%B1%E1%80%90%E1%80%B2%E1%80%B7-illustration-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-9461fca78055
author_url
https://medium.com/@maioracademy
status
ok
fetched_at
2026-06-27 07:40:21