OmniChannel Payment
ဒီနေ့မှာတော့ ကျွန်တော်တို့ရုံးကို အလည်လာတဲ့ ကိုအောင်ပွားဆိုသူမိတ်ဆွေအစ်ကိုတစ်ယောက်နဲ့ ငွေပေးချေ မှု (Payment) အကြောင်းကို…
OmniChannel Payment
ဒီနေ့မှာတော့ ကျွန်တော်တို့ရုံးကို အလည်လာတဲ့ ကိုအောင်ပွားဆိုသူမိတ်ဆွေအစ်ကိုတစ်ယောက်နဲ့ ငွေပေးချေ မှု (Payment) အကြောင်းကို ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီအစ်ကိုဟာ တခြားဘယ်သူမှ မစတင်ခင်ကတည်းက သူရဲ့ ကုန်ပစ္စည်းတွေကို ဆိုရှယ်မီဒီယာကတဆင့် သုံးစွဲသူတွေလက်ထဲ ရောက်အောင် စွန့်ဦးတည်ထောင်ရောင်းချသူတစ်ဦးပဲဖြစ်ပါတယ်။ ဆိုင်ကနားနဲ့ ရောင်းချနေရာကနေ ဘယ်လိုကြောင့် ဆိုရှယ်မီဒီယာ၊ အွန်လိုင်းတို့မှတဆင့်ရောင်းချဖြစ်ခဲ့ပုံ၊ အွန်လိုင်းအရောင်းကို ဘယ်လိုမျိူး တိုးတက်အောင်ကြံဆောင်ခဲ့ပုံ၊ အခြားစီးပွားရေးလုပ်ငန်းများနဲ့မတူ ကွဲပြားအောင်လုပ်ကိုင်ခဲ့ပုံ၊ အခုရောက်ရှိ အောင်မြင်နေတဲ့ အခြေအနေနဲ့ အနာဂတ်အတွက် ချမှတ်ထားသော အစီအစဉ်များကိုလဲ အားရဖွယ်ရာလေ့လာခဲ့ရပါတယ်။ စီးပွားရေး အောင်မြင်တိုးတက်လာတာနဲ့အတူ တွေ့ကြုံလာရတဲ့ များပြားလာသောငွေပေးမှုဆောင်တာများ၊ စာရင်းအင်းကိစ္စရပ်များအကြောင်းကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျွန်တော့အဖေ အမြဲပြောလေ့ရှိတဲ့ “ငွေသည် ကင်းခြေများနှင့်တူသည်။ ခြေထောက်အများကြီးရှိ၍ ကိုယ်ကသူ့ကိုလိုက်လျှင်မမိနိုင်ဘဲ သူကကိုယ့်ကိုလိုက်လျှင် ပြေးလို့မလွတ်နိုင်။” ဆိုတဲ့ စကားကို ကြားယောင်မိပါတယ်။ များပြားရှုပ်ထွေးလာတဲ့ငွေပေးချေမှု ကိစ္စရပ်များဟာ လုပ်ငန်တိုးချဲ့ကြီးထွားရေးမှာ အဟန့်အတားဖြစ်လာကြောင်း၊ ထိုအဟန့်အတားများကို လက်ရှိတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရပ်များနဲ့ ဖယ်ရှားနိုင်ကြောင်းကို ကျွန်တော်က မိမိကျွမ်းကျင်ရာ ငွေပေးချေမှု (Payment) နယ်ပယ်ဖြစ်သည့်အလျောက် အာပေါင်အာရင်းသန်သန်ဖြင့် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ထိုအချိန်က ဆွေးနွေးဝိုင်းကို ခေါင်းစဉ်မတပ်ခဲ့ပေမဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့သော အကြောင်းအရာမှာ OmniChannel Payment Processing အကြောင်းသာဖြစ်သည်။ ဤအခေါ်အဝေါ်က လူတော်တော်များများအတွက်တော့ စိမ်းကောင်းစိမ်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စကားဝိုင်းကို အခြေခံ၍ ရှင်းပြလိုပါတယ်။ OmniChannel Payment Processing အကြောင်းကို မပြောခင် Tranditional Channel နဲ့ Multi Payment Channel အကြောင်းကို အရင်ဆုံး ရှင်းပြချင်ပါတယ်။
Traditional Channel

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများဆုံးတွေ့ရတဲ့လုပ်ငန်းအမျိုးအစားကတော့ ဆိုင်ခန်းဖွင့်ပြီး ကုန်ပစ္စည်း/ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ ပေးချေမှု လက်ခံရာမှာ ငွေသားကိုသာ လက်ခံခြင်းဖြစ်ပါတယ်။ ထိုလုပ်ငန်းများရဲ့ အဓိက အားနည်းချက်ကတော့ လက်လှမ်းမီနိုင်တဲ့ customer အရေအတွက် ကန့်သတ်မှုရှိခြင်း၊ လုပ်ငန်းလည်ပတ်မှုစရိတ်ကြီးမားခြင်း၊ ငွေသားကိုသာအဓိက လက်ခံတဲ့အတွက် ငွေကြေးကို ကိုင်တွယ် ရွှေ့ပြောင်းသိမ်းဆည်းရတဲ့ စရိတ်စကရှိခြင်း ၊ လုပ်ငန်းချဲ့ထွင်ရန် ခက်ခဲဲခြင်းတို့ပဲဖြစ်ပါတယ်။ customer များအနေနဲ့လည်း လာရောက်ဝယ်ယူရန် အချိန်ပေးရခြင်း၊ ငွေကြေးသယ်ဆောင်ရခြင်း စတဲ့ အချက်များကြောင့် အဆင်မပြေမှုများဖြစ်ပေါ်စေနိုင်ပါတယ်။
Mutli-Channel Payment

အထက်ပါအကြောင်းအရာများကြောင့် အောင်မြင်တိုးတက်လာပြီးဖြစ်တဲ့ စီးပွားရေးလုပ်ငန်း အများစုဟာ ဆိုင်ခန်းများသာမက အွန်လိုင်း/ social media များတွင်ပါ လုပ်ငန်းချဲ့ထွင်လာကြပြီဖြစ်ပါတယ်။ ငွေပေးချေမှုဝန်ဆောင်မှှုကိုလည်း ငွေသားနဲ့သာမကပဲ အခြားနည်းလမ်းများဖြင့်ပါ လက်ခံလာကြတာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် အကြွေးဝယ်ကဒ်များ၊ wallet များ၊ mobile banking ကဲ့သို့သော digital payment များ စတာတွေနဲ့ လက်ခံလာကြပါတယ်။ ထို့အတွက် စားသုံးသူဘက်ကနေလဲ နှစ်သက်ရာနည်းလမ်းနဲ့မှာယူပေးချေနိုင်မှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့လက်ခံမှုကို Multi Channel Payment ဟုခေါ်ပါတယ်။ လုပ်ငန်းအများစုကတော့ Multi Channel Payment နဲ့ အဆင်ပြေနေပေမယ့်လည်း merchant ဘက်ကကြည့်မယ်ဆိုရင် ရောင်းအားကောင်းလာလေလေ customer ဘက်က channel မျိုးစုံသုံးလာလေလေ ဆိုင်ရှင်အနေနဲ့ဘယ် customer က ဘယ် channel နဲ့ ပေးသွားသလဲဆိုတာကို စောင့်ကြည့်ဖို့အတွက် ခက်ခဲလာပါတယ်။ ထို အမျိုးစုံလှသော payment channel များကို ထိန်းသိမ်းရန်လည်းခက်ခဲလာပါတယ်။ ဥပမာအားဖြင့် ငွေအကောင့်များမှငွေလက်ခံရရှိသည်ကို စစ်ဆေးရန် ၂၄ နာရီလုံးစောင့်ကြည့်ရန်လိုအပ်ခြင်း၊ ထိုအကောင့်များကို ကိုင်တွယ်စစ်ဆေးရန်အတွက် တာဝန်ခံမယ့်သူ လိုအပ်ခြင်း၊ customer များ ငွေပေးချေရာတွင် amount /account မှားယွင်းမှုများရှိနိုင်ခြင်း၊ တာဝန်ခံသူ အလွဲသုံးစားလုပ်နိုင်တဲ့ အန္တရာယ်ရှိုခြင်း၊ စာရင်းတိုက်ရန် ခက်ခဲခြင်း စတဲ့ အခက်အခဲများစွာကို ကြုံတွေ့ရနိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဆွေးနွေးနေသူ ယခုလက်ရှိ အောင်မြင်နေသော ကိုအောင်ပွားသည်လည်း ထိုအခက်အခဲကို ကြုံတွေ့ရလျှက်ရှိတာကို တွေ့ရပါတယ်။
OmniChannel Payment

အထက်ပါ အခက်အခဲများအတွက် အဖြေကတော့ OmniChannel Payment သာလျှင်ဖြစ်ပါတယ်။ OmniChannel Payment ဟာဆိုရင်တော့ဖြင့် Customer Journey ကို ချောမွေ့စေရန်အဓိက ထားရုံသာမက လုပ်ငန်းရှင်များအတွက်လည်း Multi Channel Payment ရဲ့ အခက်အခဲများကို ဖြေရှင်းပြီးသားဖြစ်ပါတယ်။ OmniChannel Payment ကို သုံးခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် - ၁။ Digital Payment Channel အကုန်ကို platform တစ်ခုထဲဖြင့် ချိတ်ဆက်နိုင်ခြင်း ၂။ Multi Channel Payment (credit card, bank transfer, wallet, cash on delivery, counter payment) ဖြင့် ပေးချေလာတဲ့ ငွေများကို တစ်စုတစည်းထဲ အလွယ်တကူ စီမံခန့်ခွဲနိုင်ခြင်း ၃။ Transactions များကို report အကုန်လုံးကို တစ်နေရာထဲတွင် ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊ ထို့အတွက် customer behavior ကိုလည်း လေ့လာနိုင်ခြင်း ၄။ Payment များကို Bank account တစ်ခုထဲမှာကဲ တစ်စုတစည်းထဲ လက်ခံရရှိနိုင်ခြင်း။ ၅။ Customer နဲ့ ထိတွေ့ဆက်သွယ်ရာမှာ လျင်မြန်ထိရောက်မှုရှိခြင်း စတဲ့ အကျိုးအကျေးဇူးများရရှိနိုင်မှာဖြစ်ပြီး
Customer များ အနေနဲ့လည်း - ၁။ ဘယ် payment method နဲ့မဆို လွယ်ကူရိုးရှင်းစွာ ငွေပေးချေနိုင်ခြင်း ၂။ ငွေပေးချေမှုပုံစံများ တသမတ်ထဲဖြစ်ခြင်း စတဲ့အကျိုးကျေးဇူးများကို ခံစားရမှာပဲ ဖြစ်ပါတယ်။
ထိုအချက်များမှာတော့ OmniChannel Payment ၏ကောင်းကျိုးများပဲဖြစ်ပါတယ်။ နိုင်ငံတကာထိ ချဲ့ပြောရမယ်ဆိုရင် International Business များအတွက် OmniChannel Payment ဟာဆိုရင် အလိုအပ်ဆုံးသော Payment Platform ဖြစ်ပါတယ်။ OmniChannel Payment နဲ့ ချိတ်ဆက်ထားမှသာလျှင် တစ်ခုထက်ပိုတဲ့ payment provider ကို အသုံးပြုနိုင်ခြင်း၊ Intelligent Routing System အား အသုံးပြုနိုင်ခြင်း၊ Multi Country Settlement အားပြုလုပ်နိုင်ခြင်း User Behavior Analysis ပြုလုပ်နိုင်ခြင်း၊ fraud များကို ပိုမို ထိရောက်စွာ ကာကွယ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုုင်မှာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းအရာများကို ဆွေးနွေးပြီးတဲ့နောက် ကိုအောင်ပွားသည်လည်း သူ့ရဲ့လုပ်ငန်းများအတွက် အလိုရှိတဲ့ အဖြေကို ရရှိသွားတာကြောင့် သွက်လက်ပေါ့ပါးသော ခြေလှမ်းများဖြင့် ပြန်သွားပါတော့တယ်။
메타데이터
- post_id
- a4a90aa7fb5a
- slug
- omnichannel-payment-a4a90aa7fb5a
- url
- https://medium.com/@pyaynyein/omnichannel-payment-a4a90aa7fb5a
- canonical_url
- https://medium.com/@pyaynyein/omnichannel-payment-a4a90aa7fb5a
- author_url
- https://medium.com/@pyaynyein
- status
- ok
- fetched_at
- 2026-07-29 00:11:46