IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၁)
A Practical IELTS Guide Based on Real Exam Experience (Part 1)
IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၁)
A Practical IELTS Guide Based on Real Exam Experience (Part 1)
နိဒါန်း
IELTS ကို General ရော Academic ရော ၂ မျိုးလုံး ကိုယ်တိုင်ဖြေဖူးတဲ့အတွက် စာမေးပွဲကို ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အတွေ့အကြုံကို မျှဝေပေးချင်ပါတယ်။
လက်ရှိ အပိုင်း (၁) မှာတော့ IELTS အကြောင်းကို ခြုံငုံပြီး ပြောပြသွားချင်ပါတယ်။ နောက်လာမယ့် အပိုင်းတွေမှာတော့ Listening, Reading, Writing & Speaking တစ်ခုချင်းစီကို အသေးစိတ်ရေးပါ့မယ်။
Test Types
IELTS မှာ General နဲ့ Academic ဆိုပြီး ၂ မျိုးရှိတယ်။
အများအားဖြင့်တော့ နိုင်ငံခြားမှာ ကျောင်းသွားတက်တာလို ပညာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေဆို Academic တောင်းတယ်။ Immigration နဲ့ဆိုင်တဲ့ PR လျှောက်တဲ့ ကိစ္စတွေဆို General တောင်းတယ်။
နောက်တစ်ခုက စာမေးပွဲဖြေရင် Paper-based လား Computer-based လားဆိုတာလည်း ရွေးရသေးတယ်။
ဘာတွေ အဓိကကွာသွားလဲဆိုတာကို နောက်လာမယ့် အပိုင်းတွေမှာ အသေးစိတ်ပြောပေးပါ့မယ်။

Preparation Time
ကျွန်တော်ကတော့ အရင်တုန်းက General Test ကို ဆရာနဲ့သေချာ လေ့ကျင့်ဖူးတော့ လက်ရှိ Academic Test ဖြေတဲ့အခါ AI tools တွေသုံးပြီး exam format နဲ့ rules တွေကို self-study လုပ်ဖြစ်တယ်။ မေးခွန်းဟောင်းတွေ လေ့ကျင့်တာအပါအဝင် ၂ ပတ်လောက်ပဲ အချိန်ယူလိုက်တယ်။
IELTS ကို ပထမဆုံးဖြေမယ့်သူတွေဆိုရင် အနည်းဆုံး ၁ လလောက်တော့ အချိန်ပေးပြီး ပြင်ဆင်တာ ပိုကောင်းတယ်။ Skills ၄ ခုလုံးရဲ့ exam formats, question types နဲ့ timing တွေကို နားလည်ဖို့ အချိန်လိုတတ်တယ်။
IELTS လေ့လာတယ်ဆိုတာ ကိုယ့်ရဲ့ ရှိရင်းစွဲ English skill ကို မြှင့်ပေးတာ မဟုတ်ဘူး။ Listening, Reading, Writing & Speaking တစ်ခုချင်းစီရဲ့ exam formats တွေကို နားလည်အောင်လုပ်ပြီး မေးခွန်းဟောင်းတွေ လေ့ကျင့်တာ။
ဥပမာအားဖြင့် ကိုယ့် level က Band 6 လောက်ရှိတယ်ဆိုရင် သေချာမပြင်ဆင်ပဲ သွားဖြေရင် 5–5.5 လောက်ပဲ ရနိုင်တယ်။ အကုန်လုံးကို နားလည်ပြီး သွားဖြေရင်တော့ 6.5–7 လောက် ရနိုင်တယ်။
Cambridge IELTS စာအုပ်တွေ အကုန်လေ့ကျင့်ပြီး သွားဖြေလည်း Band 6 level ရှိတဲ့သူတစ်ယောက်က ချက်ချင်း Band 8–9 ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။

How to Practice for Exam
IELTS လေ့ကျင့်မယ်ဆို ဆရာခေါ်မှာလား၊ ကိုယ်တိုင်လေ့လာမလားဆိုပြီး ဆုံးဖြတ်ရမယ်။
ဆရာခေါ်ရင် ဘာတွေကောင်းလဲဆိုရင် —
- သူတို့ရဲ့ အတွေ့အကြုံတွေ အကုန်ရမှာမို့ အချိန်ပေးပြီး လိုက်ရှာစရာမလိုဘူး
- သင်တန်းစတဲ့နေ့ကနေ စာမေးပွဲဖြေတဲ့အထိ ဆရာက ဆွဲခေါ်သွားမှာဆိုတော့ အပျင်းထူနေတာမျိုး မဖြစ်တော့ဘူး
- Writing နဲ့ Speaking လို examiner အမှတ်ပေးတဲ့ skills တွေမှာ ကိုယ်ဘာတွေမှားနေလဲ၊ ဘာတွေပြင်ရမလဲဆိုတာ ဆရာက တန်းပြောပေးနိုင်တယ်
- မေးခွန်းဟောင်းတွေ လေ့ကျင့်ရင်း သိချင်တာရှိရင် ချက်ချင်း မေးလို့ရတယ်
တစ်ချို့ကလည်း ကိုယ်တိုင်လေ့လာရတာကြိုက်တော့ AI tools တွေ သုံးပြီး self-study လုပ်ရုံပဲ။ ဒါပေမယ့် စာသေချာလုပ်မယ်ဆိုတဲ့ စိတ်မွေးနိုင်ဖို့တော့ လိုတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံးတော့ Skills ၄ ခုလုံးရဲ့ exam format ကို သိအောင်လုပ်ရမယ်။ တစ်ခါမှ မဖြေဖူးတဲ့သူဆိုရင်တော့ “ဘာတွေလဲဟ…” ဆိုပြီး ဖြစ်နိုင်တယ်။ ဒါပေမယ့် မေးခွန်းဟောင်းတွေ လေ့ကျင့်ရင်း သဘောပေါက်လာလိမ့်မယ်။
မေးခွန်းဟောင်းလေ့ကျင့်ဖို့က Cambridge IELTS Series မှာ နောက်ဆုံးထွက်ထားတဲ့ စာအုပ်တွေထဲက ရှေ့ ၄–၅ အုပ်လောက်ကို ရွေးလိုက်ရုံပဲ။ စာအုပ်တစ်အုပ်မှာ မေးခွန်းဟောင်း ၄ စုံ ပါတယ်။
Original book ဝယ်ရင်တော့ Listening အတွက် audio file ပါတယ်။ တစ်ခြားနေရာတွေကနေ လေ့ကျင့်မယ်ဆိုရင်တော့ YouTube မှာ စာအုပ်နဲ့ မေးခွန်းဟောင်းနံပါတ်ကို ထည့်ပြီး ရှာလို့ရတယ် (e.g., Cambridge 20 Listening Test 1)။
How to Book the Exam
IELTS စာမေးပွဲဖြေလို့ရတဲ့ official test centre က British Council နဲ့ IDP Education ဆိုပြီး ၂ ခုပဲ ရှိတယ်။
မေးခွန်းတွေက Cambridge Assessment English က ထုတ်တဲ့အပြင် Examiners တွေကလည်း သူတို့အသိအမှတ်ပြုထားတဲ့သူတွေဆိုတော့ ဘယ်မှာပဲ ဖြေဖြေ ရလဒ်က အတူတူပဲ။ အကောင်းဆုံးကတော့ မနက်စောစော ထသွားရင် အချိန်မှီဖို့ ကိုယ့်အိမ်နဲ့ နီးတဲ့ test centre ကိုသာ ရွေးလိုက်။
တစ်ခုရှိတာက တစ်ချို့ test centre တွေက နေ့တိုင်း ဖြေလို့မရဘူး၊ ပြီးတော့ ပိတ်ရက်တွေဆို လူမြန်မြန် ပြည့်တတ်တယ်။ ကိုယ်က စာမေးပွဲဖြေမှာ သေချာရင် time slot ကို ကြိုပြီး booking လုပ်ထားတာ ကောင်းတယ်။ Booking လုပ်ပြီးတာနဲ့ ၂၄ နာရီ စောင့်ပေးတယ်၊ အဲဒီအချိန်အတွင်း ပိုက်ဆံမသွင်းရင်တော့ ပျက်သွားတယ်။
IELTS ကို Speaking သက်သက်၊ Listening + Reading + Writing သက်သက်ဆိုပြီး sessions ၂ ခု ခွဲပြီး ဖြေခိုင်းတယ်။ အများအားဖြင့်တော့ တစ်ရက်တည်းကိုပဲ မနက်နဲ့ နေ့လည် ခွဲတယ်၊ တစ်ခါတစ်လေလည်း Speaking ကို နောက်ရက် ပို့လိုက်တတ်တယ်။ ဘယ်အချိန်မှာ ဘာဖြေရမယ်ဆိုတာက test centre နဲ့ပဲ ဆိုင်တယ်။

What to Do on Exam Day
စာမေးပွဲမဖြေခင်မှာ exam register လုပ်ဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ အနည်းဆုံး နာရီဝက်လောက် စောရောက်ရမယ်။ Booking လုပ်တုန်းက တင်ခဲ့တဲ့ National ID or Passport ကတော့ မဖြစ်မနေ ယူလာရတယ်။
Listening + Reading + Writing session မှာတော့ ရေဘူးနဲ့ အနွေးထည် သယ်ခွင့်ရှိတယ် (ရေဘူးက label မပါတဲ့ transparent ဖြစ်ရမယ်)။ ကိုယ်နဲ့ပါလာတဲ့ တစ်ခြားပစ္စည်းတွေကိုတော့ လက်ဝတ်ရတနာပါမကျန် locker ထဲ ထားခဲ့ရတယ်။
စာမေးပွဲဖြေနေတုန်းမှာ ခွင့်တောင်းပြီး အိမ်သာသွားလို့ရတယ်၊ ဒါပေမယ့် အချိန်မလောက်တက်လို့ ကြိုတင်ရှင်းလင်းထားတာ ပိုကောင်းတယ်။

စာမေးပွဲအခန်းထဲမှာတော့ Computer (Windows OS) နဲ့ headphone ပေးထားတယ်။ Notes မှတ်ဖို့ စာရွက်နဲ့ ဘောပင်လည်း ပေးတယ်။ လူစုံပြီဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို အသံဖိုင် ဖွင့်ပြမယ်။ ပြီးရင် username, password နဲ့ PIN code သုံးပြီး software ထဲ login ဝင်ရတယ်။ အဲဒီမှာ software ရဲ့ features တွေကို ရှင်းပြထားတဲ့ video တစ်ခု ကြည့်ရတယ်၊ အားလုံးပြီးရင်တော့ စဖြေလို့ရပြီ။
Speaking ကတော့ အခန်းထဲမှာ တစ်ယောက်ချင်းစီ ဖြေရတာ။ အများအားဖြင့် examiner နဲ့ face-to-face ထိုင်ပြောရတယ်။ တစ်ခါတစ်လေလည်း video call နဲ့ ဖြေရတာမျိုး ရှိတယ်။
Understanding the IELTS Test Software
Volume control နဲ့ text size လို basic settings တွေ ချိန်လို့ ရတယ်။
Screen အပေါ်ဆုံးမှာ အချိန်ဘယ်လောက်ကျန်လဲ ပြပေးတဲ့ timer တစ်ခု ရှိတယ်။ အချိန်ပြည့်တာနဲ့ လက်ရှိဖြေနေတဲ့ test ကို တစ်ခါတည်း ပိတ်လိုက်တယ်။
Reading ဆိုရင် စာတွေကို highlight လုပ်လို့ ရတယ်။ Writing ဆိုရင်တော့ အောက်ခြေမှာ word count ပြပေးတယ်။
Listening နဲ့ Reading မှာ ချန်ခဲ့တဲ့ မေးခွန်းတွေကို flag လုပ်လို့ ရတယ်။ Navigation သုံးပြီး sections ပေါင်းစုံက မေးခွန်းတွေဆီ သွားလို့ ရတယ်။

What to Do During Free Time
IELTS ကို တစ်နေ့တည်းမှာ ဖြေတဲ့သူတွေဆိုရင် Speaking နဲ့ Listening + Reading + Writing ကြားမှာ ၃ — ၄ နာရီလောက် အချိန်ရတယ်။
Next session က Speaking ဆိုရင်တော့ မေးခွန်းဟောင်းတွေ ကြည့်ပြီး လေ့ကျင့်နေလို့ ရတယ်။ ChatGPT နဲ့လည်း voice call ခေါ်ပြီး စကားပြောနေလို့ရတယ်။
တကယ်လို့ Skills ၃ ခု ဖြေရမယ်ဆိုရင်တော့ လေ့ကျင့်မနေပဲ အေးဆေးနားနေတာ ပိုကောင်းတယ်။ အခန်းထဲမှာ 2 hr 40 mins လောက် ဆက်တိုက်ဖြေရတာဆိုတော့ စိတ်ဖိစီးမှုများသလို အာရုံလည်း အပြည့်စိုက်ထားရတယ်။
ကိုယ်က ဆက်တိုက် လေ့ကျင့်နေရင် brain energy တွေ ကြိုသုံးလိုက်သလို ဖြစ်ပြီး စိတ်လည်း ပင်ပန်းသွားတော့ တကယ်ဖြေတဲ့အချိန်ကျရင် အားကုန်နေလိမ့်မယ်။

When to Expect the Results
Listening & Reading ကတော့ computer နဲ့ အမှတ်တွက်တာဆိုတော့ မြန်တယ်။ Writing & Speaking ကတော့ examiner ကိုယ်တိုင် အမှတ်ပေးတာဆိုတော့ နည်းနည်း ကြာတတ်တယ်။
ပုံမှန်အားဖြင့်တော့ computer-based ဆိုရင် ၂–၃ ရက်နဲ့ paper-based ဆိုရင်တော့ ၁၃ ရက်လောက် ကြာတယ်။ Exam results ထွက်ကြောင်း email ဝင်တာနဲ့ ကိုယ် booking လုပ်ခဲ့တဲ့ account (IDP or BC) ထဲ ဝင်ပြီး အသေးစိတ် ကြည့်ရုံပဲ။
IELTS certificate ကို official အနေနဲ့ Test Report Form (TRF) လို့ ခေါ်တယ်။ General နဲ့ Academic နှစ်မျိုးလုံးအတွက် သက်တမ်းက ၂ နှစ်ရှိတယ်။

Additional Notes
အပေါ်မှာ ပြောခဲ့တာတွေထဲမှာ လူတိုင်းမလိုအပ်ပေမယ့် သိထားရင်ကောင်းတဲ့ အချက်လေးတွေကို ဒီအပိုင်းမှာ ထည့်ပြောထားတယ်။
Online Test
စာမေးပွဲဖြေရင် Paper-based နဲ့ Computer-based အပြင် IELTS Online ဆိုပြီး ကိုယ့်အိမ်မှာ ဖြေလို့ရတဲ့ option လည်း ရှိတယ်။ ကိုယ်တက်မယ့် ကျောင်းက လက်ခံရင်တော့ ဖြေလို့ရတယ်၊ ဒါပေမယ့် Immigration ကိစ္စတွေမှာတော့ အများအားဖြင့် မလက်ခံဘူး။

UKVI Version
Academic နဲ့ General နှစ်မျိုးလုံးမှာ UKVI Version ဆိုပြီး ထပ်ရှိတယ်။ အဓိကတော့ UK Immigration ကိစ္စတွေမှာ အသုံးများတယ်။ UK Universities တွေရဲ့ တစ်ချို့သော programs တွေမှာလည်း တောင်းတတ်တယ်။
Exam formats တွေကတော့ တစ်ပုံစံတည်းပဲ၊ ဒါပေမယ့် လုံခြုံရေးပိုတင်းကျပ်ပြီး UK Immigration က သတ်မှတ်ထားတဲ့ test center တွေမှာပဲ ဖြေလို့ရတယ်။

One Skill Retake
တစ်ချို့ test center တွေမှာတော့ exam results ထွက်ပြီးရင် Skills ၄ ခုထဲက ကိုယ်စိတ်တိုင်းမကျတဲ့ ၁ ခုကို ပိုက်ဆံထပ်သွင်းပြီး ပြန်ဖြေလို့ရတယ်။ ကိုယ့် account (IDP or BC) ကနေ အလွယ်တကူ လုပ်လို့ရတယ်။
အဲဒီတစ်ကြိမ်ပြန်ဖြေပြီးရင်တော့ တစ်ခြား skills ကို ထပ်ဖြေလို့ရတော့ဘူး။ မကျေနပ်သေးဘူးဆိုရင်တော့ exam တစ်ခုလုံးကို အစအဆုံး ပြန်ဖြေလို့ပဲရမယ်။

အပိုင်း (၂) မှာတော့ Listening အကြောင်းကို အသေးစိတ် ရေးပါဦးမယ်။
메타데이터
- post_id
- c87f3dfaeb37
- slug
- ielts-ကို-ဘယ်လိုပြင်ဆင်ခဲ့လဲ-၁-c87f3dfaeb37
- url
- https://medium.com/@myowinthein/ielts-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9C%E1%80%B2-%E1%81%81-c87f3dfaeb37
- canonical_url
- https://medium.com/@myowinthein/ielts-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9C%E1%80%B2-%E1%81%81-c87f3dfaeb37
- author_url
- https://medium.com/@myowinthein
- status
- ok
- fetched_at
- 2026-06-21 19:25:17