← Back to list

IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၄)

A Practical IELTS Guide Based on Real Exam Experience (Part 4)

Myo Win Thein · 2026-05-06 17:39 · 0 claps · 7.0 min read
#ielts #english-learning #study-abroad #test-preparation #self-improvement
Open on Medium ↗
Wiki topics: PSY · Psychology EDU · Education & Learning 🔧 · Data Engineering 🚀 · Self Improvement

IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၄)

A Practical IELTS Guide Based on Real Exam Experience (Part 4)

အပိုင်း (၁)၊ (၂)​ နဲ့ (၃)​ ကို ဒီမှာ သွားဖတ်လို့ ရပါတယ်။

[embed]IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၁) IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၁) A Practical IELTS Guide Based on Real Exam Experience (Part 1) နိဒါန်း IELTS ကို…myowinthein.medium.com

[embed]IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၂) IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၂) A Practical IELTS Guide Based on Real Exam Experience (Part 2) အပိုင်း (၁) ကို ဒီမှာ…myowinthein.medium.com

[embed]IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၃) IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၃) A Practical IELTS Guide Based on Real Exam Experience (Part 3) အပိုင်း (၁) နဲ့ (၂)​…myowinthein.medium.com

IELTS Writing

Writing မှာတော့ General နဲ့ Academic ရဲ့ exam format က Task 1 ကလွဲရင် ကျန်တာ အတူတူပဲ။

Overall

  • Tasks ၂ ခု ပါမယ်။ Task 2 ကတော့ Task 1 ထက် ပိုအရေးကြီးတယ်။
  • အမှတ်နဲ့ တွက်တာမဟုတ်ဘဲ ကိုယ့်စာရေးအသားက ဘယ် band နဲ့ ကိုက်ညီလဲဆိုတာကို band descriptors အလိုက် examiners တွေက အကဲဖြတ်တာ။

Duration

  • စာမေးပွဲဖြေချိန် စုစုပေါင်း မိနစ် ၆၀ ပေးထားတယ်။
  • Task 1 ကို မိနစ် ၂၀ ဝန်းကျင်နဲ့ Task 2 ကို မိနစ် ၄၀ ဝန်းကျင် သုံးပေးရမယ်။

Task 1 အကြောင်း (Academic)

အကြမ်းဖျင်းပြောရရင်တော့ ပုံတွေပေးထားမယ်၊​ ဘာအကြောင်းအရာလဲဆိုတာကို မေးခွန်းမှာ ပြောပြထားမယ်။ အဲဒါတွေကို ဖတ်ပြီး ဘာတွေ ထူးခြားနေလဲ၊ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို စာလုံးရေ အနည်းဆုံး ၁၅၀ နဲ့ ပြန်ရေးပေးရတာ။

ဘယ်လို structure မျိုးနဲ့ ရေးရမယ်ဆိုပြီး Cambridge ကနေ သတ်မှတ်ထားတာ မရှိတော့ ကိုယ့်စိတ်ကြိုက် ပုံစံနဲ့ ရေးလို့ရတယ်။ ဒါပေမယ့် IELTS လောကထဲမှာ အသုံးများတဲ့ standard structure တစ်ခုတော့ ရှိတယ်။

# Standard Structure

### Introduction
မေးခွန်းထဲက စာတွေကိုပဲ paraphrase လုပ်ပြီး ပြန်ရေး။

### Overviw
ပုံထဲမှာ နည်းနည်းထူးခြားနေတာ (သို့မဟုတ်)​ ပြောင်းလဲသွားတာတွေထဲက ၂ - ၃ချက်လောက်ကိုရှာ၊ 
ပြီးရင် တစ်ခုချင်းစီကို ခြုံငုံပြီး စာပြန်ရေး။

### Details 1
Overview မှာ ပြောခဲ့တဲ့ အချက်တွေထဲက အထင်ရှားဆုံး ၁ - ၂ ချက်လောက်ကိုရွေး၊ 
ပြီးရင် အကျယ်ချဲ့ပြီး data values တွေနဲ့ ပြန်ရေး။

### Details 2
Details 1 မှာ ပြောဖို့ ကျန်တဲ့ဟာတွေကို ဒီမှာရေး။

Question Types

№1 က Charts, Graphs & Tables လို data-based မေးခွန်းတွေ။

Standard structure ကို သုံးပြီး ဒီလိုမျိုး ရေးလို့ရပါတယ်။

# Introduction

ဥပမာ ဒီဇယားတွေက ဒီမြို့လေးရဲ့ စာကြည့်တိုက်ထဲက members တွေရဲ့ အသက်အပိုင်းအခြားနဲ့ ဘယ်စာအုပ်တွေ အငှားများလဲဆိုတာကို ဖော်ပြထားပါတယ်ပေါ့။

# Overview

ဥပမာ အသက် ၁၈ နဲ့ ၆၄ ကြားတွေက members အများဆုံးပဲ (1st point)၊ ပြီးတော့ fiction စာအုပ်တွေကို အငှားများကြတယ် (2nd point)။ ၂၀၀၇ နဲ့ ၂၀၁၆ ခုနှစ်တွေကြားမှာ စာအုပ်အငှားရတဲ့ အရေအတွက်လည်း တိုးလာတယ်ပေါ့ (3rd point)

တစ်ခုရှိတာက အသေးစိတ် data values တွေ (e.g., 51%, 15,000) ကို နောက်လာမယ့် စာပိုဒ်တွေမှာ ထည့်မှာမို့ ဒီမှာမရေးတာက ပိုကောင်းတယ်။

# Details 1

ဥပမာ အသက် ၁၈ နဲ့ ၆၄ အရွယ်တွေက 51% နဲ့ အများဆုံးပဲ၊ ကလေးတွေက 22% နဲ့ ဒုတိယလိုက်တယ်၊ အသက် ၁၃ — ၁၇ ကြား လူငယ်အုပ်စုနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေက အရေအတွက် မတိမ်းမယိမ်းဖြစ်ပြီး 15% နဲ့ 12% ကိုယ်စီ ရှိကြတယ်ပေါ့ (1st point)

အငှားရဆုံး စာအုပ်အမျိုးအစားကိုလည်း ဘယ်ဟာက ဘယ်လောက်အငှားရတယ်ဆိုပြီး ရေးပေးလိုက် (2nd point)

တစ်ခုရှိတာက နံပါတ်တွေချည်းပဲ မထိုင်ရွတ်ဘဲ ဆင်တူတာတွေကို အုပ်စုဖွဲ့ပြီး နှိုင်းယှဉ်ရေးတာက ပိုကောင်းတယ်။

# Details 2

၂၀၀၇ မှာ 16,000 ဝန်းကျင် ရှိရာကနေ ၂၀၁၁ မှာ 21,000 ဝန်းကျင်အထိ တက်သွားတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ အနည်းငယ် ပြန်ကျပေမယ့်လည်း ၂၀၁၆ မှာတော့ 22,000 အထိ ပြန်ရောက်သွားပါတယ်ပေါ့ (3rd point)

တစ်ခုရှိတာက data values တွေ အရမ်းများနေရင် အကုန်လုံး လိုက်မပြောပဲ အခုလိုမျိုး အုပ်စုဖွဲ့လိုက်လို့ရတယ်။ သုညတွေ အရမ်းများနေရင် millions, billions ဆိုပြီး ချုံ့ရေးလို့လည်း ရတယ်။

№2 က နေရာတစ်ခုရဲ့ အပြောင်းအလဲတွေကို ယှဉ်ပြထားတဲ့ location-based မေးခွန်းတွေ။

Standard structure ကို သုံးပြီး ဒီလိုမျိုး ရေးလို့ရပါတယ်။

# Introduction

ထုံးစံအတိုင်းပဲ မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။

# Overview

ဥပမာ ဆိပ်ကမ်းတိုးချဲ့တာ (1st point)၊ နန်းတော်နေရာမှာ ဟိုတယ်ဆောက်လိုက်တာ (2nd point)၊ ကမ်းခြေကို အပြင်လူပေးမဝင်တော့တာမျိုး (3rd point)

# Details 1

ဥပမာ ဆိပ်ကမ်းက အရင်တုန်းက ဘယ်လိုရှိတယ်၊ အခုကျတော့ ဘာတွေဖျက်လိုက်တယ်၊ ဘာတွေနေရာရွှေ့လိုက်တယ်၊ ဘာတွေ အသစ်ဆောက်လိုက်တယ်ဆိုတာ ရေးပေးလိုက် (1st point)

# Details 2

ဥပမာ နန်းတော်က အရင်တုန်းက သီးခြားတည်ရှိနေတာ။ အခုတော့ ဟိုတယ်ဆောက်လိုက်ပြီး လမ်းလေးလည်း ဖောက်ပေးထားတယ် (2nd point)။ သူ့နားက ကမ်းခြေလည်း အရင်နဲ့ အခု ဘာတွေကွာသွားလဲဆိုတာ ဆက်ရေး (3rd point)

№3 က လုပ်ငန်းစဥ်တစ်ခုကို Diagram နဲ့ ပြထားတဲ့ process-based မေးခွန်းတွေ။

Standard structure ကို သုံးပြီး ဒီလိုမျိုး ရေးလို့ရပါတယ်။

# Introduction

ထုံးစံအတိုင်းပဲ မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။

# Overview

ဝါးပင်လေးကို အဆင့်ဆင့်ပြောင်းလဲလိုက်တဲ့အခါ အဝတ်အထည်တွေ ထွက်လာတယ် (1st point)။ အဲဒီလိုဖြစ်အောင် လူနဲ့ စက် နှစ်ခုလုံး ပါဝင်ပြီး (2nd point) chemical တွေလည်း သုံးရတယ်ပေါ့ (3rd point)

# Details 1

Process-based ကျတော့ အဆင့်တွေကို နှစ်ပိုင်းခွဲပြီး Details 1 & 2 မှာ ထည့်လိုက်တာ ပိုကောင်းတယ်။ အရေးကြီးတဲ့ points တွေလည်း မကျန်တော့ဘူး။

ဒီမှာဆိုရင် စုစုပေါင်း ၉ ဆင့်ရှိတော့ အဆင့် ၁ ကနေ ၅ အထိကို တစ်ဆင့်ချင်းစီမှာ ဘာတွေလုပ်ပြီး ဘာတွေထွက်လာလဲ အသေးစိတ်ရေးပေးလိုက်။

# Details 2

ဒီမှာဆိုရင် အဆင့် ၆ ကနေ ၉ အထိကို အသေးစိတ်ရေးပေးလိုက်။

Tips & Tricks

စာရေးတဲ့အခါ ကိုယ်ပိုင်အယူအဆတွေ ထည့်ရေးလို့ မရဘူး။ ဥပမာ №1 Data ဆိုရင် အသက် ၁၃ — ၁၇ ကြား လူငယ်တွေ သိပ်မရှိတာက ကျောင်းစာတွေ ပိနေလို့ စာကြည့်တိုက် မသွားနိုင်တာ ဖြစ်မယ်ဆိုတာမျိုး။

လူတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း ပုံဖော်လို့ မရဘူး။ ဥပမာ №2 Location ဆိုရင် လှေဆိပ်နေရာရွှေ့လိုက်တော့ ငါးဖမ်းသမားတွေက အနောက်ဘက်လမ်းကနေ ပတ်ဝင်ရတော့မယ်ဆိုတာမျိုး။

ပုံမှာပြထားတဲ့ အချက်အလက်တွေကိုပဲ ကိုယ့်အာဘော်မထည့်ပဲ ရေးရမှာ။

Task 1 အကြောင်း (General)

အကြမ်းဖျင်းအားဖြင့် မေးခွန်းမှာ ဘယ်သူ့ဆီကို ဘာကိစ္စနဲ့ ဘယ်အချက်တွေပါတဲ့ letter တစ်စောင်ကို စာလုံးရေ အနည်းဆုံး ၁၅၀ နဲ့ ရေးပါလို့ ပေးထားတတ်တယ်။

အလုပ်ထွက်တာ၊ ခွင့်တောင်းတာ၊ ပွဲဖိတ်တာ၊ complain လုပ်တာ၊ ကျေးဇူးတင်တာ၊ တောင်းပန်တာ၊ သိချင်တာမေးတာ စတဲ့ အကြောင်းအရာအစုံပဲ။

Task 1 (Academic) တုန်းကလိုပဲ IELTS လောကထဲမှာ လူသုံးများတဲ့ standard structure တစ်ခုတော့ ရှိတယ်။

# Standard Structure

### Greeting
လူနာမည်တပ်ပြီး နှုတ်ဆက်မယ်။

### Opening
ကိုယ် ဘာလို့ ဒီစာကို ရေးတာလဲ ရှင်းပြမယ်။

### Body 1
1st + 2nd bullet points အကြောင်းရေး။

### Body 2
3rd bullet အကြောင်းရေး။

### Closing
အဲဒီလူကို နှုတ်ဆက်ပြီး စာကိုသိမ်းလိုက်တော့။

### Sign-off
Closing phrase နဲ့ ကိုယ့်နာမည်ရေး။

Letter Tones

စာရေးတဲ့အခါ တစ်ဖက်လူနဲ့ ကိုယ့်ရဲ့ ရင်းနှီးမှုအပေါ်မူတည်ပြီး ဘယ်လေသံကို သုံးမှာလဲဆိုတာ အရင်စဉ်းစားရတယ်။

№1 က Formal

ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေဆိုရင် ယဉ်ယဉ်ကျေးကျေး ရေးရတယ်။ ဥပမာ ဟိုတယ်မန်နေဂျာ၊ ကုမ္ပဏီဝန်ထမ်းနဲ့ တက္ကသိုလ်တာဝန်ခံလိုမျိုး။

Dear Mr. Brown,

I am writing to complain about the noise issue in my apartment building. It has been affecting my sleep for the past two weeks.

Yours faithfully, John Smith

P.S. Their last name & your full name

№2 က Semi-formal

ကိုယ်နဲ့တော့ သိတယ်၊ ဒါပေမယ့် အကန့်တစ်ခုထားရမယ့် သူတွေဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ နည်းနည်း natural ဆန်ဆန် ရေးလို့ရတယ်။ ဥပမာ ဆရာမ၊ အလုပ်ရှင်၊ အိမ်နီးနားချင်းနဲ့ gym နည်းပြလိုမျိုး။

Dear Mr. Brown,

I hope you are doing well. I wanted to let you know that the noise from the nearby construction has been quite disturbing recently.

Best regards, John Smith

P.S. Their last name & your full name

№3 က Informal

ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့သူတွေဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ရင်းရင်းနှီးနှီး ရေးရတယ်။ ဥပမာ သူငယ်ချင်း၊ ညီအကိုမောင်နှမနဲ့ ဝမ်းကွဲလိုမျိုးတွေ။

Hi Brown,

Just wanted to tell you that the construction near my apartment has been super noisy lately. I can barely sleep at night.

Take care, John

P.S. Their first name and your first name

Tips & Tricks

Section/Paragraph တစ်ခုနဲ့ တစ်ခုကြားမှာ blank line ထားပေးရမယ်။ Paragraph တစ်ခုထဲမှာတော့ line မခွဲဘဲ စာကို ဆက်တိုက်ရေး။

ကိုယ့်နာမည်နေရာမှာ ကြိုက်တဲ့နာမည်ကို သုံးလို့ရတယ်။

Task 2 အကြောင်း (General & Academic)

အကြမ်းဖျင်းအားဖြင့် မေးခွန်းမှာ အကြောင်းအရာ / အယူအဆ / ပြဿနာ တွေကို ပေးထားပြီး အဲဒါတွေအပေါ် ကိုယ်ဘယ်လိုမြင်လဲဆိုတာကို စာလုံးရေ အနည်းဆုံး ၂၅၀ ရှိတဲ့ essay တစ်ပုဒ် ရေးရမယ်။

Task 1 (Academic) တုန်းကလိုပဲ IELTS လောကထဲမှာ လူသုံးများတဲ့ standard structure တစ်ခုတော့ ရှိတယ်။

# Standard Structure

### Introduction
မေးခွန်းထဲက စာတွေကို paraphrase လုပ်ပြီး ပြန်ရေး။
တစ်ခါတစ်လေ ကိုယ်က ဘယ်အချက်ကို ပိုထောက်ခံလဲ ရွေးရတယ်။

### Body 1
ကိုယ့်အမြင်ကို လက်တွေ့ဥပမာတွေနဲ့ သေချာရှင်းပြ။

### Body 2
ကိုယ့်နောက်အမြင်တစ်ခုကို လက်တွေ့ဥပမာတွေနဲ့ သေချာရှင်းပြ။

### Conclusion
ဒီ essay ထဲမှာ ပြောခဲ့တဲ့ အဓိကအမြင်တွေကို ခြုံငုံပြီး ပြန်ရေး။

P.S. Question types အပေါ်မူတည်ပြီး structure နည်းနည်းကွဲတတ်တယ်။

Question Types

№1 က Opinion (Agree / Disagree)

မေးခွန်းမှာ အတွေးအခေါ်တစ်ခု ပေးထားတယ်။ အဲဒါကို ဘယ်လောက်အထိ သဘောတူလဲ မတူဘူးလဲ ပြောခိုင်းတာ။

# Introduction

  • မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။
  • ကိုယ့်ရပ်တည်ချက်ကိုလည်း ဖော်ပြပေး။

# Body 1

  • ဘာလို့ တူ / မတူ တာလဲ အကြောင်းပြချက် ၁ ခု ပေး။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Body 2

  • နောက်ထပ် အကြောင်းပြချက် ၁ ခု ပေး။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Conclusion

  • Body 1 & 2 မှာ ပြောခဲ့တဲ့ အချက်တွေကို အခြေခံပြီး ကိုယ့်ရပ်တည်ချက်ကို ခြုံငုံပြီး ပြန်ပြော။

နောက်ထပ် လာတတ်တဲ့ ပုံစံကွဲတစ်မျိုးကျတော့ ဒီအကြောင်းအရာမှာ အကောင်းနဲ့ အဆိုး ဘယ်ဟာပိုများလဲ ပြောခိုင်းတာ။

ဖြေရမယ့် structure ကတော့ အတူတူပဲ။ ကိုယ့်ရပ်တည်ချက်ကို ပြောတဲ့အခါ အကောင်းနဲ့ အဆိုးထဲက ဘယ်ဖက်က ပိုများတယ်လို့ ထင်လဲပဲ ရွေးရမှာ။

№2 က Discussion (Both Views)

မေးခွန်းမှာ ဆန့်ကျင်ဘက် အယူအဆနှစ်ခု ပေးထားတယ်။ အဲဒါကို ရှုထောင့်နှစ်မျိုးလုံးကနေ ဆွေးနွေးခိုင်းတာ။

# Introduction

  • မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။
  • ၂ ဖက်လုံးကို ဆွေးနွေးမယ်၊ ဘယ်ဖက်ကို ပိုထောက်ခံလဲဆိုတာ ပြောပေး။

# Body 1

  • ပထမအယူအဆက ဘာလို့ကောင်းလဲ အကြောင်းပြချက် ၁ ခု ပေး။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Body 2

  • နောက်အယူအဆကလည်း ဘာတွေကောင်းလဲ အကြောင်းပြချက် ၁ ခု ပေး။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Conclusion

  • နှစ်ဖက်လုံးရဲ့ အားသာချက်တွေကို ခြုံငုံပြီး ကိုယ်ပိုသဘောကျတဲ့ဖက်ကို ပြော။

№3 က Problem-Solution

မေးခွန်းမှာ ပြဿနာတစ်ခုကို ပေးထားတယ်။ အဲတာကြောင့် ဘာအကျိုးဆက်တွေ ဖြစ်နိုင်လဲ၊ ဘယ်လိုဖြေရှင်းရမလဲကို ပြောခိုင်းတာ။

# Introduction

  • မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။
  • သူပြောထားတဲ့ ပြဿနာကြောင့် ဘာအကျိုးဆက်တွေ ဖြစ်နိုင်လဲနဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ပြောပြသွားမယ်လို့ရေး။

# Body 1

  • ပြဿနာကြောင့် ဖြစ်နိုင်တဲ့ အကျိုးဆက်တစ်ခုကို ပြောပြ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Body 2

  • အဲဒီအကျိုးဆက်ကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတစ်ခုကို ပြောပြ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Conclusion

  • အဲဒီပြဿနာကြောင့် Body 1 က အကျိုးဆက် ဖြစ်နိုင်တယ်၊ ဒါပေမယ့် Body 2 ရဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ရကြောင်း ပြောပြ။

တစ်ခါတစ်လေကျရင်လည်း မေးခွန်းမှာ အကျိုးဆက်ကို အရင်ပေးထားတယ်။ အဲတာက ဘယ်ပြဿနာကြောင့် ဖြစ်တာလဲ၊ ဘယ်လိုဖြေရှင်းရမလဲကို ပြောခိုင်းတာ။

ဖြေရမယ့် structure ကတော့ အတူတူပဲ။ ပုံမှန်ဆို ပြဿနာကို အရင်ပေးထားပေမယ့် ဒီပုံစံမှာတော့ အကျိုးဆက်ကို အရင်ပေးထားတာပဲ ကွာတာ။

№4 က Advantages / Disadvantages

မေးခွန်းမှာ အကြောင်းအရာတစ်ခုကို ပေးထားတယ်။ အဲဒါရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘာလဲ ပြောခိုင်းတာ။

# Introduction

  • မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။
  • ဒီအကြောင်းအရာမှာ အားသာချက်နဲ့ အားနည်းချက်တွေ ကိုယ်စီရှိတယ်၊ နှစ်မျိုးလုံးကို ဆွေးနွေးသွားပါမယ်ပေါ့။

# Body 1

  • အားသာချက် တစ်ခုကို ပြောပြ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Body 2

  • အားနည်းချက် တစ်ခုကို ပြောပြ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Conclusion

  • ဒီအကြောင်းအရာမှာ အားသာချက်တွေလည်းရှိသလို အားနည်းချက်တွေလည်းရှိကြောင်း ခြုံငုံပြီးရေး။

နောက်တစ်မျိုးကျတော့ အကြောင်းအရာတစ်ခုကို ပေးထားတယ်။ အားသာချက်နဲ့ အားနည်းချက် ယှဉ်ကြည့်တဲ့အခါ ဘယ်ဖက်က ပိုအရေးကြီးတယ်လို့ ထင်လဲ ပြောခိုင်းတာ။

# Introduction

  • မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။
  • အားသာချက်နဲ့ အားနည်းချက်တွေ ကိုယ်စီရှိတယ်၊ ကိုယ်ကတော့ ဘယ်ဖက်ကို ပိုအလေးပေးလဲဆိုတာ ပြောပေး။

# Body 1

  • ကိုယ်ရွေးလိုက်တဲ့ဖက်ကို အကြောင်းပြချက် ၁ ခု ပေး။ အားသာချက်ရွေးရင် ဘာကောင်းလို့လဲ၊ အားနည်းချက်ရွေးရင် ဘာဆိုးလို့လဲ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Body 2

  • ကျန်တဲ့တစ်ဖက်မှာလည်း အပေါ်ကလို အကြောင်းပြချက် ၁ ခု ပေး။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Conclusion

  • နှစ်ဖက်လုံးမှာ ကောင်းတဲ့အချက် / အားနည်းချက်တွေ ရှိပေမယ့် ကိုယ်ရွေးထားတဲ့ဖက်က ပိုအရေးကြီးကြောင်း ခြုံငုံပြီးရေး။

№5 က Double Question

အရင်ဆုံး အကြောင်းအရာတစ်ခုကို ပေးထားတယ်။ ပြီးရင် အဲဒါနဲ့ဆက်စပ်နေတဲ့ မေးခွန်း ၂ ခုမေးပြီး ဖြေခိုင်းတာ။

# Introduction

  • မေးခွန်းကို paraphrase လုပ်ပြီး ပြန်ရေး။
  • မေးခွန်း ၂ ခုလုံးကို ဖြေပေးသွားမယ်ဆိုတာ ပြော။

# Body 1

  • ပထမမေးခွန်းကို ဖြေ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Body 2

  • ဒုတိယမေးခွန်းကို ဖြေ။
  • လက်တွေ့ကျတဲ့ ဥပမာ ၁ ခုနဲ့ ရှင်းပြ။

# Conclusion

  • မေးခွန်း ၂ ခုလုံးအတွက် ပြောခဲ့တဲ့ အဓိကအချက်တွေကို ခြုံငုံပြီးရေး။

Tips & Tricks

ဥပမာပေးတဲ့အခါ ကိုယ်တိုင်လေ့လာဖူး (သို့) တွေ့ကြုံဖူးတဲ့ အကြောင်းအရာပဲ ဖြစ်စရာမလိုဘူး၊ ဖတ်ကြည့်လို့ ယုတ္တိရှိနေရင် ရပြီ။

စာရေးတဲ့အခါ ဘယ်စကားလုံးတွေကို ရှောင်ပြီး ဘယ်ဟာနဲ့ အစားထိုးသုံးရမယ်ဆိုတာမျိုး ရှိတယ်။ အတွေ့အကြုံအရတော့ စကားလုံးတွေ အသေးစိတ်လိုက်ကြည့်နေရင် စိတ်ရှုပ်ပြီး စဥ်းစားလို့ ခက်သွားတယ်။ ဖတ်ကြည့်လို့ အရမ်းကြီး informal မဆန်ရင် ဆက်ရေးလိုက်တာပဲ။

# Informal vs Formal Writing

### Informal / Slang
gonna → going to
cool → impressive / beneficial
awesome → excellent / effective
kinda → somewhat / relatively

### Contractions
don't → do not
won't → will not
it's → it is
they're → they are

### Casual Words
kids → children
a lot of → many / a large number of
get → obtain / receive
fix → solve / address

### Example
🔴 Kids nowadays are gonna spend a lot of time online. 
🟢 Many children nowadays are going to spend a large amount of time online.

အပိုင်း (၅) မှာတော့ Speaking အကြောင်းကို အသေးစိတ် ရေးပါဦးမယ်။

[embed]IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၅) IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၅) A Practical IELTS Guide Based on Real Exam Experience (Part 5) အပိုင်း (၁)၊ (၂)​၊ (၃)​…myowinthein.medium.com


메타데이터
post_id
cd00dfe8ec3c
slug
ielts-ကို-ဘယ်လိုပြင်ဆင်ခဲ့လဲ-၄-cd00dfe8ec3c
url
https://medium.com/@myowinthein/ielts-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9C%E1%80%B2-%E1%81%84-cd00dfe8ec3c
canonical_url
https://medium.com/@myowinthein/ielts-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9C%E1%80%B2-%E1%81%84-cd00dfe8ec3c
author_url
https://medium.com/@myowinthein
status
ok
fetched_at
2026-06-21 19:25:17