IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၂)
A Practical IELTS Guide Based on Real Exam Experience (Part 2)
IELTS ကို ဘယ်လိုပြင်ဆင်ခဲ့လဲ (၂)
A Practical IELTS Guide Based on Real Exam Experience (Part 2)
အပိုင်း (၁) ကို ဒီမှာ သွားဖတ်လို့ ရပါတယ်။
IELTS Listening
Listening ကတော့ General နဲ့ Academic နှစ်ခုလုံး exam format တူတူပဲ။
Overall
- Sections ၄ ခု ပါမယ်၊ တစ်ခုချင်းစီမှာ မေးခွန်း ၁၀ ခု ပါမယ်။
- မေးခွန်းတစ်ခုကို ၁ မှတ်နှုန်းနဲ့ အများဆုံး အမှတ် ၄၀ ရမယ်။
- Audio ကို တစ်ကြိမ်ပဲ ဖွင့်ပေးတယ်၊ accents ပေါင်းစုံ သုံးတယ်။
- Audio က မေးခွန်းရဲ့ အစဉ်အတိုင်းပဲ ပြောတယ် (ဥပမာ Q1 ကနေ Q10 အထိ တစ်ခုချင်းစီ သွားတယ်)။
Duration
- Section တစ်ခုချင်းစီကို ၅–၈ မိနစ်လောက် audio ဖွင့်ပြတယ် (နားထောင်ရင်း တစ်ခါတည်း အဖြေရေးရမယ်)။
- Section တစ်ခုနဲ့ တစ်ခုကြားမှာ ၁ မိနစ်လောက် နားတယ် (စက္ကန့် ၃၀ လောက်ကို အဖြေပြန်စစ်ဖို့ ပေးတယ်၊ ကျန်တာကိုတော့ မေးခွန်းကြိုဖတ်ဖို့ ပေးတယ်)
- Section အားလုံးပြီးသွားရင် အဖြေပြန်စစ်ဖို့ အချိန်ထပ်ပေးတယ် (Computer-based ဆို ၂ မိနစ်၊ Paper-based ဆို ၁၀ မိနစ်)။
- စာမေးပွဲဖြေချိန် စုစုပေါင်းက မိနစ် ၃၀ လောက်ရှိတယ်။

Sections တွေ အကြောင်း
Section 1
- နေ့စဉ်ဘဝမှာ လူ ၂ ယောက် စကားပြောကြတဲ့ ပုံစံနဲ့ လာတာများတယ်။
- တစ်ယောက်က မေးပြီး တစ်ယောက်က အများအားဖြင့် ဖြေတယ်။
- ဖြည်းဖြည်းနှေးနှေးလေးနဲ့ ပြောသွားတာမို့ နားထောင်ရတာ အဆင်ပြေတယ်။
- ဥပမာအားဖြင့် ဟိုတယ် booking တင်တာ၊ အလုပ်လျှောက်တာမျိုးတွေ။

Section 2
- နေ့စဉ်ဘဝနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို လူတစ်ယောက်တည်းကနေ တောက်လျှောက် ပြောသွားတဲ့ ပုံစံနဲ့ လာတယ်။
- Section 1 ထက် မှတ်စရာတွေ ပိုများသလို လေသံကလည်း ပိုမြန်လာတယ်။
- ဥပမာအားဖြင့် ပန်းချီပြပွဲ မိတ်ဆက်တာ၊ ပြတိုက် အကြောင်းရှင်းပြတာမျိုး။

Section 3
- ကျောင်းသင်ခန်းစာတစ်ခုနဲ့ ဆိုင်တဲ့ အကြောင်းအရာကို လူ ၂–၄ ယောက် အပြန်အလှန် ဆွေးနွေးနေကြတဲ့ ပုံစံနဲ့ လာတာများတယ်။
- Section 2 လို ကိုယ်နဲ့ ရင်းနှီးတဲ့ကိစ္စတွေ မဟုတ်တဲ့အပြင် ငြင်းကြခုန်ကြတာတွေလည်း ရှိတော့ နားထောင်ရတာ ပိုခက်လာတယ်။
- ဥပမာအားဖြင့် Charles Dickens ရဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးတာမျိုး။

Section 4
- ကျောင်းဆရာတစ်ယောက်က အတန်းကို စာသင်နေတဲ့ ပုံစံမျိုးနဲ့ လာတယ်။
- စာအရှည်ကြီးတွေကို တောက်လျှောက် ပြောသွားသလို စာသား အသုံးအနှုန်းတွေကလည်း နားထောင်ရခက်တယ်။
- ဥပမာ ဗြိတိန်ရဲ့ စက်မှုတော်လှန်ရေး အကြောင်း ပြောတာမျိုး။

Section 1 ကနေ 4 အထိ ဖြည်းဖြည်းချင်း ခက်လာတာကို သတိထားမိမှာပါ။ Everyday conversation ကနေ academic lecture ထိကို ဆွဲခေါ်သွားတာ။
Question Types တွေ အကြောင်း
1 — Completion
ကွက်လပ်နေရာတွေမှာ အဖြေတွေ လိုက်ထည့်ရတာ။ အများအားဖြင့် Section 1 & 4 မှာ တွေ့ရတယ်။

2 — Multiple Choice
မေးခွန်းတစ်ခုပေးပြီး options တွေထဲကနေ အဖြေ ၁ ခု၊ တစ်ခါတစ်လေ ၂ ခု ရွေးခိုင်းတယ်။ အများအားဖြင့် Section 3 မှာ တွေ့ရတယ်။

3 — Matching
မေးခွန်း ၄–၆ ခုလောက်နဲ့ options ၆–၈ ခုလောက် ပေးထားတယ်။ ပြီးရင် ဘယ်မေးခွန်းနဲ့ ဘယ် option က သက်ဆိုင်ပါတယ်ဆိုတာ ရွေးပေးရတာ။ အများအားဖြင့် Section 2 & 3 မှာ တွေ့ရတယ်။

4 — Map / Diagram Labelling
မြေပုံဆိုရင် ဘယ်အဆောက်အဦးက ဘယ်မှာရှိပါတယ်ဆိုတာ ဖြေပေးရတယ်။

ပုံဆိုရင် ဘယ်အစိတ်အပိုင်းက ဘယ်မှာလဲဆိုတာ ဖြေပေးရတယ်။

၂ မျိုးလုံးကို အများအားဖြင့် Section 2 မှာ တွေ့ရတယ်။
5 — Short Answer
မေးခွန်းတစ်ခုချင်းစီကို စာလုံးရေ အကန့်အသတ်နဲ့ ဖြေပေးရတဲ့ ပုံစံမျိုး။ Section 2 & 3 မှာ တွေ့ရတတ်တယ်၊ ဒါပေမယ့် မေးတာနည်းတယ်။

Tips & Tricks တွေ အကြောင်း
1 — Watch Out For Traps
- အသံထွက်ဆင်တဲ့ စကားလုံးတွေ သတိထား (e.g., fifteen vs fifty)
- Singular နဲ့ plural မှားတတ်တယ် (e.g., issue vs issues)
- နံပါတ်နဲ့ နေ့စွဲတွေကို ပြန်ပြင်တတ်တယ် (e.g., It was $80, now it’s $65)
- မေးခွန်းတွေကြားမှာ buffer sentences တွေ ထည့်တတ်တယ် (ဘယ်မေးခွန်းရောက်နေလဲ လိုက်မမီအောင် ဖြစ်တတ်တယ်)
- နောက်မေးခွန်းတွေမှာပါတဲ့ words တွေကို ထည့်ပြောတတ်တယ် (မေးခွန်းကျော်သွားပြီထင်ပြီး စိတ်ရှုပ်သွားတတ်တယ်)
2 — During the Exam
- Test အစပိုင်း introduction audio မှာ sections ၄ ခုလုံးကို ခြုံငုံပြီး ကြည့် (ဘယ်အကြောင်းအရာတွေက ဘယ်မေးခွန်းပုံစံနဲ့ လာမလဲ သိအောင်)
- အာရုံလွတ်ပြီး မေးခွန်းကျော်သွားရင် panic မဖြစ်ဘဲ ထားခဲ့လိုက် (အဖြေပြန်စစ်ဖို့ ပေးတဲ့ အချိန်မှာ မှန်းဖြည့်လိုက်)
- မေးခွန်းတွေရဲ့ word limit ကို သတိထား (စာလုံးရေ ဘယ်လောက်အများဆုံးထည့်လို့ရလဲ ကြည့်)
3 — What Doesn’t Matter
- Capitalization ကြောင့် အမှတ်မလျော့ဘူး (e.g., monday & Monday)
- Spelling variations တွေက ပြဿနာမရှိဘူး (e.g., color & colour)
- Date formats တွေကို အဆင်ပြေသလို သုံးလို့ရတယ် (e.g., 12th May & May 12)
အပိုင်း (၃) မှာတော့ Reading အကြောင်းကို အသေးစိတ် ရေးပါဦးမယ်။
메타데이터
- post_id
- f476a2efeb86
- slug
- ielts-ကို-ဘယ်လိုပြင်ဆင်ခဲ့လဲ-၂-f476a2efeb86
- url
- https://medium.com/@myowinthein/ielts-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9C%E1%80%B2-%E1%81%82-f476a2efeb86
- canonical_url
- https://medium.com/@myowinthein/ielts-%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9C%E1%80%B2-%E1%81%82-f476a2efeb86
- author_url
- https://medium.com/@myowinthein
- status
- ok
- fetched_at
- 2026-06-21 19:25:17